မြောင်းမြမြို့နယ်တွင် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့နယ်တွင် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်



MNP ၊    ဇွန်   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းအား ပြည်သူ့အင်အားဦးစီးဌာနရုံးချုပ်မှ ဦးစီးအရာရှိ ဒေါ်တင်တင်လေးပါ အဖွဲ့ဝင် (၁၂) ဦးမှ  လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်အတွင်းရှိ၊ မြို့ပေါ်ရပ်ကွက် (၁၆) ရပ်ကွက်အား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ‌ရေးအတွက် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်း ယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်း  ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းနှင့် တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုအား‌ပေး၍ လိုအပ်သည်များ မှာကြားစီစဥ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။


ဇေယျာ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)