ပေါင်မြို့နယ်တွင် (Biometric) ဒေတာ အချက်အလက်များ ဆက်လက်ကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် (Biometric) ဒေတာ အချက်အလက်များ ဆက်လက်ကောက်ယူ






MNP ၊ ဇူလိုင် ၁၈

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်နိုင်ရေး အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများအား (Biometric) ဒေတာ အချက်အလက်များ ဆက်လက်ကောက်ယူခြင်းကို ဇူလိုင် ၁၈ ရက်နေ့က ပေါင်မြို့နယ် ဝါရီရူခန်းမတွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


အဆိုပါ အချက်အလက်များကောက်ယူ၍ နိုင်ငံအတွင်းနေထိုင်သူများ အားလုံးကို UID နံပါတ်ထုတ်ပေးခြင်း ဖြစ်ကြောင်း ၊ e-Government Application များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့် စနစ်ဖြစ်ကြောင်း၊ ပညာရေး ၊ ကျန်းမာရေးနှင့် အခြားလူမှုရေး ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် လွယ်ကူစွာလျှောက်ထားနိုင်မည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ နေထိုင်သူပြည်သူ အားလုံးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)