MNP ၊ ဇူလိုင် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သန့်ရှင်းသာယာလှပရေး၊ ဆေးခန်းဝင်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊ ခြင်လောက်လန်းများ ပေါက်ပွားမှု မရှိစေရန်ရည်ရွယ်၍ ပေါင်းပင်၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို တိုက်နယ်ကျန်းမာရေးဌာနဝင်းတွင် ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တိုက်နယ်ကျန်းမာရေး ဆရာမမိမိုးမိုးခိုင်နှင့် ဝန်ထမ်းများက ဆေးခန်း၏ ဥပဒိရုပ်ကောင်းမွန်ရန်၊ သန့်ရှင်းသာယာလှပစေရန်၊ ဆေးခန်းပြင်ပတွင်လည်း အမှိုက်များကင်းရှင်းစေရန်၊ မိုးတွင်းကာလ ခြင်လောက်လန်းများ ပေါက်ပွားမှုမရှိစေရန်၊ မလိုအပ်သောသစ်ကိုင်းများအား ခုတ်ပစ်ခြင်း၊ ပေါင်းမြက်ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပြီး အမှိုက်များ စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်
https://t.me/MyanmarNationalPost




No comments:
Post a Comment