MNP ၊ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ လွိုင်လင်ခရိုင် လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉:၃၀) နာရီက အဆိုပါရုံးခန်းမတွင် ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားပါသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံးရရှိ ခံစားသင့်သော အခွင့်အရေးများကို အချိန်နှင့်တပြေးညီ အပြည့်အဝရရှိစေရန်နှင့် အခွင့်အရေးများအပေါ် အသိအမှတ်ပြု နားလည်လက်ခံသည့်စနစ်များ အဖွဲ့အစည်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အကောင်အထည်ဖော်မှုများကို စေတနာဝန်ထမ်းပုဂ္ဂိုလ်များနှင့် လူမှုရေးဆောင်ရွက်နေသူများ သိရှိနားလည်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ ထို့နောက် ဖွင့်ပွဲတက်ရောက်လာကြသည့် အကြီးအကဲ များနှင့် သင်တန်းသား/ သင်တန်းသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီးနောက် သင်တန်းအချိန်ဇယားအတိုင်း သင်တန်းနည်းပြများက သင်ကြားပို့ချပေးကြသည်။
အဆိုပါ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့များ၊ လူမှုရေးအဖွဲ့များ၊ ကိုယ်အာ့ကိုယ်ကိုး မူလတန်းကြိုကျောင်းမှ တာဝန်ရှိသူများ၊ စုစုပေါင်း ၅၀ ဦး တက်ရောက်ကြပြီး သင်တန်းကို ယနေ့ တစ်ရက်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment