MNP ၊ ဇူလိုင် ၅
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်ဓာတ် စေတီတော်မြတ်ကြီး ဓာတ်လှေကားအစိတ်အပိုင်းတစ်ချို့ ပျက်စီးဆုံးရှုံးမှုတို့ကို ပုဏ္ဏားကျွန်း မြို့နယ်၏ ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အတူ စစ်တွေခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့၊ နေ့လယ်(၁၂)နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူတို့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော ဓာတ်လှေကားအဆောက်အဦး၊ စက်ကရိယာများနှင့်လူလျှောက်လမ်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ပြန်လည်ပြုပြင်မွမ်းမံရန် လိုအပ်သည်များကို တာဝန်ရှိသူတို့နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူတို့က ဦးရာဇ်တော်ဓာတ်လှေကား ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးခဲ့သော ဦးရာဇ်တော်ကြိုးတံတားအား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment