MNP ၊ ဇူလိုင် ၅
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးပြီး ဓမ္မိကာရုံပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်မှ ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ အဆိုပါဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ တက်ရောက်ပညာသင်ယူနေ သည့် ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်စားသောက်မှုအခြေအနေအား ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ကာ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများကို ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Sinopharm ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှု၍ အားပေးစကားများပြောကြား သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် တိုးချဲ့ရပ်ကွက်ရှိ ဓမ္မိကာရုံပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်သို့ ရောက်ရှိကာ ၎င်းကျောင်းတိုက်မှ ဆရာတော် ဦးရေဝတအား ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေး မျိုးစုံနှင့် နေ့ဆွမ်းဘောစဉ်အာဟာရများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် အဆိုပါ ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားရှိသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် နေထိုင်စားသောက်မှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment