ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများကျောင်းထိုင်ဆရာတော်များနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများကျောင်းထိုင်ဆရာတော်များနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့လှူဒါန်း







MNP ၊   ဇူလိုင် ၅

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်၈နာရီက သာယာကုန်းကျေးရွာအုပ်စု၊သာယာကုန်း ကျေးရွာသို့ သွားရောက်ပြီး သာယာကုန်းဓမ္မဒူတကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိတအား ဖူးမြော်ကြပြီးဆန်၊ဆီနှင့်လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


      ထို့နောက်ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်အဖွဲ့သည်ကျောက်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော်ဘဒ္ဒန္တဒသနအားဖူးမြော်၍ ဆန်၊ဆီနှင့်လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လေဘေးသင့်ပြည်သူအိမ်ထောင်စု(၁၀)စုအားဆန်၊ဆီ၊ရေသန့်ဘူးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


   ယင်းနောက် ကံတိုင်းအုပ်ကျေးရွာအုပ်စု၊ကံတိုင်းအုပ် ဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တပုညအား ဖူးမြော်ကြပြီး ဆန်၊ဆီ စသည့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊စစ်ကဲတော်အုပ် ဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တခမာဝုဓ အား ဖူးမြော်ကြပြီး ဆန်၊ဆီစသည့်လှူဖွယ် ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)