MNP ၊ ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တောင်သူများမှ ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းလျာထားဧကပြည့်မီကျော်လွန်ရေး မိုးနှမ်းစိုက် တောင်သူများထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ရွှေတောင်မြို့နယ် အတွင်းအုပ်စု ( ၄၉)အုပ်စုရှိသည့်အနက် ( ၄၉) အုပ်စု ရှိ တောင်သူ( ၁၇၂၂) ဦးတို့မှ
မိုးနှမ်းလျာထားဧက( ၂၉၅၃) ဧကစိုက်ပျိုးသွားမည်ဖြစ်ပြီးလက်ရှိ ( ၃၁၅၁)ဧကစိုက်ပျိုးပြီး လျာထားဧကကျော်လွန်စိုက်ပျိုးခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးနှမ်းစိုက်ပျိုးရာတွင် မြို့နယ်အတွင်းရှိ ဝါးတောအုပ်စု၊တောဟိုင်အုပ်စု၊ ကံသုံးဆင့်အုပ်စု၊ထန်းကုန်းအုပ်စုနှင့် ကျွန်းတန်းရိုးအုပ်စုတို့အများဆုံးစိုက်ပျိုးပြီးမိုးနှမ်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment