ရွှေတောင်မြို့နယ်အတွင်းရှိပုဂ္ဂလိကဆေးခန်းများ၊ဆေးဆိုင်များအား လိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းရှိပုဂ္ဂလိကဆေးခန်းများ၊ဆေးဆိုင်များအား လိုက်လံစစ်ဆေး





MNP ၊   ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြိုနယ်တွင် မြို့နယ်ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီမှရွှေတောင်မြို့နယ်အတွင်းရှိပုဂ္ဂလိကဆေးခန်းများ၊ဆေးဆိုင်များအား လိုင်စင်သက်တမ်းကုန်ဆုံးခြင်းရှိ/ မရှိ ၊မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ / မရှိနှင့် မြို့နယ်စည်ပင်သာယာရေးလိုင်စင်ရှိ / မရှိတို့အား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်း‌ေအာင် ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီပါ ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ေရးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးသန့် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်အခွန်ဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်ပြန်/ ဆက် ဦးစီးဌာနနှင့်မြို့နယ်လမ်းဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)