MNP ၊ ဇူလိုင် ၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အမျိုးသမီးအိမ် တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အသိပညာပေးဟော ပြောပွဲကို ယမန်နေ့နေ့လည် အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြော ပွဲတွင် စစ်တွေမြို့ အမှတ်(၅) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်သန်းဌေးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်း၊အမှတ်(၂၁)ယာဉ် ထိန်း ရဲတပ်ဖွဲ့စု(ကျောက်ဖြူ) လက်အောက်ရှိ အမ်းတပ်ဖွဲ့စိတ်မှူး ဒုရဲအုပ် သန့်ဇင်ဦးက ယာဉ်စည်းကမ်း လမ်းစည်းကမ်း နှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်မြင့်မြင့်အေးက ရာသီတုတ်ကွေး၊ သွေးလွန်တုတ်ကွေးနှင့်ပတ်သက်သည့် ကျန်းမာ ရေးအသိပညာပေးအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သန်းဌေးက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းများကိုဟောပြောခဲ့ကြသည်။
ဆက်လက် ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အဆင့်မြင့် အမျိုးသမီးအိမ်တွင်းမှု စက် ချုပ်သင်တန်း အမှတ်စဉ်(၆) သင် တန်းမှ သင်တန်းသူများအားကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေနိုင်ရေး စသည့် လုပ်ငန်းစဉ်များအ တွက် အထောက်အကူပြုနိုင်စေနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးပြီးအမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ သင်ကြားပေးသည့်ဘာသာရပ်များအပြင် ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးနှင့်ပတ်သက်သည့် အသိ ပညာပေးအကြောင်းများကိုပါ သိရှိထားရန်လိုအပ်ကြောင်း
နိဂုန်းချုပ်စကား ပြောကြားခဲ့သည်။
ထို့နောက် အဆင့်မြင့် အမျိုးသ မီးအိမ်တွင်းမှု စက် ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းမှ သင် တန်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။
ဟောပြောပွဲသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ခရိုင် အမျိုးသမီးရေးရာ ခေတ္တဥက္ကဌ ဒေါ်ခင်သန့်ထွေးနှင့် အသင်းဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ဝင်များ၊ အိမ်တွင်းမှုပညာသင်တန်းကျောင်းမှ ဆရာမများနှင့် သင် တန်းသူများ၊မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment