ပုဏ္ဏားကျွန်းမြို့၊ ပန်းပျိုးလက်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၊ ပန်းပျိုးလက်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်






MNP ၊   ဇူလိုင် ၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၄)နာရီက ရခိုင်ပြည် နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ပန်းပျိုးလက် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


     ရှေးဦးစွာ ပန်းပျိုးလက်ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးမောင်တင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက “လူငယ်နှင့်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်များ၏ စိတ်ဓာတ်ခိုင်မာမှသာ မိမိတို့လိုချင်တဲ့ပန်းတိုင်း လျှောက်လှမ်းနိုင်မှာဖြစ်ပြီး၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာ၍ ပြည်သူ့အကျိုး၊ မိမိတို့ ရပ်ရွာအကျိုးတို့ကို  ဖွံ့ဖြိုးတိုး

တက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိတ်ဓာတ်မခိုင်မာပါက လိုချင်သောပန်းတိုင်သို့ ရောက်ရှိနိုင်မည်မဟုတ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။


ဆက်လက်၍ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ  မြို့နယ်အားကစားမှူး ဦးခင်မောင်ဌးက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး၊ ကျောင်းသား၊ လူငယ်တို့က မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ် အားကစားမှူးက  ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ 


အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ် ဆရာကြီးနှင့်ကျောင်းသား၊ ကျောင်း သူများ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ အားကစားသမားတစ်ဦးက ကိုယ်ကာယကြံ့ခိုင်မှုတို့ကို လက်တွေ့သရုပ်ပြသခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment