မိုင်းလုံမြို့ ပြည်သူစာကြည့်တိုက်တွင် ကလေးငယ်များ အပြင်ဗဟုသုတရရှိစေရန် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံမြို့ ပြည်သူစာကြည့်တိုက်တွင် ကလေးငယ်များ အပြင်ဗဟုသုတရရှိစေရန် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ



MNP ၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်၌ ကျောင်းပိတ်ရက်တွင် ကလေးငယ်များ အပြင်ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ၌ ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့သည်။


မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား လစဉ် စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲ များကို ဆောင်ရွက်ပေးရာ ယနေ့ကလေးများ၏ အားလပ်ရက်တွင် ယခုလိုဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲကျင်းပခြင်းဖြင့် ကလေးများ ဉာဏ်ရည်ထက်မြက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စဉ်းစားတွေးခေါ်တက်သည့် အလေ့အကျင့်များရရှိစေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတက်ရန် ဆောင်ရွက်ပေးရခြင်းကို မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစု၀င်းကပြောကြားပြီး‌‌နောက် ပြိုင်ပွဲကိုကျင်းပရာ ကလေးငယ်(၁၂)ဦးကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယှဉ်ပြိုင်စေခဲ့ပြီးနောက်  ကလေးငယ်များကို ဗလာစာအုပ် တစ်အုပ်လက်ဆောင်ပေး၍ အာဟာရအဖြစ် မုန့်များကျွေးခဲ့ကြောင်း သိရသည်။


ဇော်ဇော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)