MNP ၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ယနေ့ နံနက်(၁၀)နာရီအချိန်က ကင်းတောင်စံပြကျေးရွာရှိ ကွင်းအမှတ်(၅၉-ဃ) တောင်သူဦးမောင်ထွေး၏ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း(၅)ဧက ၌ စိုက်ပျိုးနေမှုအခြေ အနေများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေး ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များက တောင်သူ ဦးမောင်ထွေး ၏ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း(၅)ဧက ၌ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆင်းသုခမျိုး ပျိုးသား(၁၇)ရက်သား ပျိုးပင်များအား ချက်ချင်းနုတ် ချက်ချင်းစိုက် ၊ ခြောက်တန်းစိုက်တစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးနေမှုအခြေအနေများကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
တောင်ကုတ်မြို့နယ်တွင် မိုးစပါးစိုက်ဧက(၆၈၄၀၂)ဧကရှိသည့်အနက် သိပ္ပံနည်းကျစနစ်ဖြင့် စိုက်ပျိုး လျက်ရှိ သည့် ဧက(၁၀၀)မှ တစ်ဧကတင်း(၁၀၀)အထွက်နှုန်းထွက်ရှိရေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment