MNP ၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့တွင်ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ကျန်းမာရေးအဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် အရှေ့မြောက်ရပ်ကွက်ရှိနေအိမ်များသို့ သွားရောက်ပြီးအဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများအားကွင်းဆင်းဆောင်ရွက်ခြင်း၊သွေးလွန်တုပ်ကွေးရောဂါအသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။
ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးလျှင်အသက်ပါဆုံးရှုံးနိုင်သည်အထိဖြစ်နိုင်သောကြောင့်ကြိုတင်ကာကွယ်
ရေးအတွက် ရပ်ကွက်များအတွင်း ရှိစာသင်ကျောင်းနှင့်လူနေအိမ်များတွင်ထားရှိသည့် ရေစည်ပိုင်း၊ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ နေအိမ်များရှိဘုရားပန်းအိုးများကို ဖုံး၊သွန်၊လဲ၊စစ်များပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးကြကြောင်း
တာဝန်ရှိသူထံမှသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment