ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းရှိ လေးဖာတောတံတားအား ဖောက်ခွဲဖျက်ဆီးသူ KRF အကြမ်းဖက်အဖွဲ့ဝင် အကြမ်းဖက် ၃ ဦး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းရှိ လေးဖာတောတံတားအား ဖောက်ခွဲဖျက်ဆီးသူ KRF အကြမ်းဖက်အဖွဲ့ဝင် အကြမ်းဖက် ၃ ဦး ဖမ်းဆီးရမိ






MNP ၊ ဇူလိုင် ၂၂

၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းရှိ လေးဖာတောတံတား ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ည ၇ နာရီကျော်၌ လုံခြုံရေးအဖွဲ့များက တောင်တက်ကားဂိတ်အနီး စစ်ဆေးနေစဉ် ပြည့်စုံမောင်မောင်(ခ)ပြည့်စုံ၊ အာဏာပိုင်စိုး(ခ)အာကြီး၊ ဧပရယ်ဟိန်း(ခ)ဧပရယ် အားတားဆီးစစ်ဆေးရာ ၎င်းတို့ကိုင်ဆောင်သော ဖုန်းများအတွင်းမှ တောတွင်းအကြမ်းဖက်စခန်း၌ လက်နက်ကိုင်ရိုက်ကူးထားသည့်ပုံများ၊ ဝင်းကရဲစခန်းတိုက်ခိုက်မှု video များ တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။


စစ်ဆေးချက်အရ ၎င်းတို့ ၃ ဦးသည် တပ်မဟာ ၁ နယ်မြေတွင် အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက် ရဲပြေး အေးမင်းထွန်း ဦးဆောင်သော KRF အကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်းကာ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ဘီးလင်းမြို့နယ် ဝင်းကရဲစခန်းတိုက်ခိုက်ရာတွင် ပါဝင်ခြင်းနှင့် ယခု လေးဖာတောတံတား ဖောက်ခွဲဖျက်ဆီးမှုတွင် ကိုယ်တိုင်ပါဝင်ကျုးလွန်ခဲ့ကြောင်း သိရသည်။


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတို့၏ လက်ပါးစေ အကြမ်းဖက်သမားများအဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့သူများကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)