ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်



MNP ၊ ဇူလိုင် ၁၄

လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့် ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဒေါပုံမြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ လူငယ်ဆိုသည်မှာ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ ထူးချွန် ထက်မြက်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရန် လေ့လာလိုက်စားသင့်သည့် စာပေဗဟုသုတများကိုလည်း ဖတ်ရှုရန်လိုကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုတများ ရရှိစေရန်အတွက် နံရံကပ် စာစောင်များဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ် အကြောင်း၊ သွေးလွန်တုပ်ကွေး အန္တရာယ်အကြောင်း စသည်တို့ကိုပြသခဲ့ပြီး စာအုပ်၊ စာစောင်များကိုလည်း ခင်းကျင်းပြသခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


ချစ်စုဝေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)