CDF ချင်းပဒက်များ၏ ဒရုန်းတစ်စီး သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

CDF ချင်းပဒက်များ၏ ဒရုန်းတစ်စီး သိမ်းဆည်းရမိ


MNP ၊ ဇူလိုင် ၁၄

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ ချင်းပဒက် (CDF) များ၏ ဒရုန်းတစ်စီးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၃ ရက် ညနေပိုင်း ညနေ ၄ နာရီခန့်က ချင်းပြည်နယ် သိုင်းငင်းရွာအနီးတွင် လုံခြုံရေးအဖွဲ့များအား တိုက်ခိုက်ရန် CDF ပဒက်များ လွှတ်တင်လိုက်သော ဒရုန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ချသိမ်းဆည်းရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

နီပိန်း PDF အကြမ်းဖက်သမားများအနေဖြင့် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီး လှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော်လည်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် သီးခြားတွေ့ဆုံစဉ် အနောက်အုပ်စု၏ ပံ့ပိုးမှုဖြင့် ပြည်သူများကို သတ်ဖြတ်နေသော NUG, PDF အကြမ်းဖက်အဖွဲ့များကို အသိအမှတ်မပြုကြောင်း သူမ၏ သဘောထားကို ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ပြည်ပြေး ဝရမ်းပြေး NUGအကြမ်းဖက်အဖွဲ့ဝင်များနှင့် ပြည်ဖျက်မီဒီယာများ ဖြစ်သည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော မီဒီယာများမှ ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထားကို လက်မခံနိုင်ဘဲ ဂယက်ထလျက်ရှိသည်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများမှ ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်၍ ပြည်သူများကို လုပ်ကြံဖန်တီး မှိုင်းတိုက်၍ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်များ ကျူးလွန်ပြီး ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများထံမှ အလှူခံ၍ လုပ်စားနေကြခြင်းဖြစ်သဖြင့် ၎င်းတို့၏ အကြမ်းဖက်လမ်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်မပြုသောအခါ ဂယက်ထနေကြခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)