MNP ၊ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ ရှမ်းတောရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ရှမ်းတော)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ (၁:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေး ဟောပြောပွဲတွင် အ.လ.က(ရှမ်းတော)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်သူလင်းက အဖွင့်အမှာစကား ပြောကြားပြီး အလယ်တန်းပြ ဆရာမ ဒေါ်အေးအေးပြုံးက အာဇ ာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု ဆောင်ရွက်ချက်များနှင့် လွတ်လပ်ရေးကို တန်ဖိုးထား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အတ္ထုပ္ပတိအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment