ကျိုက်ထိုမြို့နယ်၌ ကလေးသမားအလုပ်ပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ ကလေးသမားအလုပ်ပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်




MNP ၊ ဇူလိုင် ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ "ကလေးအလုပ်သမားပပျောက်ရေး" ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ဇူလိုင်(၁၈)ရက် နေ့လယ်(၁)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစိးအရာရှိ ဒေါ်သန်းသန်းမော်က  ဆွေးနွေးပွဲ ပြုလုပ်သည့်ရည်ရွယ်ချက်ကို ပြောကြားပြီး အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ကာမြို့နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်နန်းအေးမြတ်မိုးက ဦးဆောင်ဆွေးနွေးခဲ့သည်။


ထိုသို့ဆွေးနွေးရာတွင် ကလေးအလုပ်သမားအဖြစ် သတ်မှတ်သည့် အသက်အရွယ်အပိုင်းအခြား၊ကလေးအလုပ်သမားပပျောက်‌‌ အောင်ဆောင်ရွက်သင့်သည့်နည်းလမ်း၊အလုပ်ရှင်များလိုက်နာရမည့်ညွှန်ကြားချက်များ၊ စက်ရုံအလုပ်ရုံများတွင် ကလေးအလုပ်သမားများနှင့်ပက်သက်သည့်ညွှန်ကြားချက်များ စသည်တို့ကို အပြန်အလှန် မေးမြန်း၊ ဖြေဆို၊ တင်ဆက်ခဲ့ကြသည်။


  ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)