MNP ၊ ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး က (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲ မူလတန်းအဆင့်တွင် “တို့များမမေ့နိုင် (၁၉) ဇူလိုင်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး၊ အလယ်တန်း အဆင့်တွင် “မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး နှင့် အထက်တန်းအဆင့်တွင် “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၇)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၃၄)ဦးတို့ကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ (၉)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄)ဦး တို့က လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂)ဦးတို့က လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment