PDF အဖွဲ့ ၁၀ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အဖွဲ့ ၁၀ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ








MNP ၊ ဇူလိုင် ၅

ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြစ်မူကျုးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ ကျား ၈ ဦးမ ၂ ဦး ပေါင်း၁၀ဦးတို့အား မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံ့ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ရကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ကြိုဆိုနှုတ်ဆက်စကား ပြောကြားပြီး ဥပဒေနှင့်အညီ အစိုးရမှ တာဝန်ယူဆောင်ရွက်နေသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ရန်ကုန်တိုင်းဒေသကြီး တိုင်းမှူးက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဥပဒေမဲ့လုပ်ရပ်များ ထပ်မံကျူးလွန်ခြင်း မပြုလုပ်ရန် ခံဝန်လက်မှတ်ရေးထိုးပြီး မိဘအုပ်ထိန်းသူများထံ အပ်နှံပေးခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG (NLD) အကြမ်းဖက်အဖွဲ့၏ သွေးထိုးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အတိဒုက္ခရောက်ခဲ့ရသူများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ တချို့သော PDF အဖွဲ့ဝင်များမှာ လက်နက်များ အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသည်ဖြစ်ရာ အစိုးရက လက်နက်အမျိုးအစားပေါ်မူတည်၍ ဆုငွေများချီးမြှင့်ပေးခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)