ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လမ်းညွှန် မှာကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လမ်းညွှန် မှာကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး


MNP ၊ ဇူလိုင် ၂၄

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အလေးထားလိုက်နာ၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြား ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ ပိုမိုတိုးတက်မြှင့်မားအောင်ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ညွှန်ကြားချက်များအပေါ်အလေးထား လိုက်နာဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အချင်းချင်း ပူးပေါင်းချိတ်ဆက်၍ လျင်မြန်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးစားသွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


 ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက လုပ်ငန်းကဏ္ဍအလိုက် လိုက်နာအကောင်အထည် ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ခရိုင်/ မြို့နယ်များအလိုက် မြေပြင်စာရင်းမှန် စိစစ်၍ ဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် မြို့နယ်များတွင် စိုက်ပျိုးမွေးမြူရေး နှင့်ကုန်ထုတ်လုပ်မှုများ၊ စိုက်ပျိုးမြေဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးဆောင်ရွက် ထားရှိသည့် အခြေအနေများနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားရေး ဆောင်ရွက်သွားမည့် လုပ်ငန်းများကို လည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။


ထို့နောက် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမ လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ရေးသည် အမှန်တကယ် အောင်မြင်အောင်ဆောင် ရွက်ရမည့် လုပ်ငန်းများဖြစ်သကဲ့သို့ နိုင်ငံနှင့် ပြည်နယ်အတွက် အကျိုးရှိထိရောက်စေရေး၊ မြန်မြန် ဆန်ဆန်ဖြင့် လျင်မြန်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် နံနက် ၇ နာရီခွဲက မြို့သန့်ရှင်း သာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ပြည်သူ့အကျိုးပြုလုပ်ငန်း ဖြစ်သည့် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်းရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာထမ်း/ အမှုထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ကျောင်းဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်း၊ ရေ မြောင်းများ ရှင်းလင်းတူးဖော်ပေးခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)