နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာတွင် ရွက်ဖြန်းမြေဩဇာ စုပေါင်းပက်ဖြန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာတွင် ရွက်ဖြန်းမြေဩဇာ စုပေါင်းပက်ဖြန်းပွဲ ကျင်းပ




MNP ၊ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများဖြင့် ပူးပေါင်း၍ ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာ ကွင်းအမှတ်(၄၅၉) တောင်သူဦးဝင်းသန်း၏ ပဲစိုက်ခင်းတွင် ရွက်ဖြန်းမြေဩဇာစုပေါင်းပက်ဖြန်းပွဲ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက “ရွက်ဖြန်းအသုံးပြုတဲ့နေရာမှာ အပင်က အများဆုံး လိုအပ်တဲ့အချိန် အပင်ဖြစ်မှုအဆင့်ကို သိရှိဖို့လိုပါတယ်။ အပင်ရဲ့အရွက်ကို မလောင်စေနိုင်မဲ့ အတိုင်းအတာကို သိဖို့လိုပါတယ်။ သုံးစွဲတဲ့အဟာရရဲ့ အပင်ကို အကျိုးဖြစ်စေနိုင်မှုကိုလည်း နားလည်ရပါမယ်၊ ရွက်ဖြန်းမြေဩဇာဟာ တခြားဆေး/ပေါင်းသတ်ဆေးတွေနဲ့ ရောစပ်ရတာ အဆင်ပြေ/မပြေ သိရပါမယ်။ ထုံးဓာတ်များတဲ့ မြေ၊ အငန်ဓာတ်များတဲ့ မြေတွေမှာရှိတဲ့ အပင်က အပွင့်သီးတွေ ဝေဝေဆာဆာဖြစ်ချိန်မှာ အဟာရလိုအပ်ချက်က တအားများလာတယ်၊ ရွက်ဖြန်းမြေဩဇာသုံးစွဲခြင်းဖြင့် အသီးအပွင့်တွေ အားကောင်းလာမယ်၊ ရွက်ဖြန်းမြေဩဇာကို အပင်ပွားချိန်၊ အနှံသန္ဓေတည်ချိန်နဲ့ နို့ရည်တည်ချိန်မှာသုံးရင် တုံ့ပြန်မှုကောင်းပြီး အထွက်နှုန်းပိုစေပါတယ်” ဟု တောင်သူများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှိုင်းမရရွက်ဖြန်းမြေဩဇာအရည်ဘူးကို တက်ရောက်လာကြသည့် တောင်သူများအား အခမဲ့ပေးအပ်ခဲ့ပြီး ပဲစိုက်ခင်းတွင် တောင်သူများဖြင့် ရွက်ဖြန်းမြေဩဇာကို စုပေါင်း ပက်ဖြန်းပေးခဲ့ကြသည်။ အဆိုပါ ရွက်ဖြန်းမြေဩဇာစုပေါင်းပက်ဖြန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ/စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာရှိတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)