MNP ၊ ဇူလိုင် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၈)ရှိ သာသနာ့ဟိတကာရီသီလရှင် စာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သီလရှင်ဝတ်စုံများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်ဩဝါဒစရိယ၊ မဟာဗောဓါရုံကျောင်းတိုက်မဓာနနာယကဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်ထံ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများထံ သီလရှင်ဝတ်စုံများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment