ကျောက်ဆည်မြို့နယ်တွင် သစ်တောပြုန်းတီးမှုလျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ထင်းအစားအခြားလောင်စာသုံးမီးဖိုများသုံးစွဲရေး အသိပညာပေးဟောပြောပွဲနှင့် မီးဖိုများအခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် သစ်တောပြုန်းတီးမှုလျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ထင်းအစားအခြားလောင်စာသုံးမီးဖိုများသုံးစွဲရေး အသိပညာပေးဟောပြောပွဲနှင့် မီးဖိုများအခမဲ့ဖြန့်ဝေ


MNP ၊   ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သူငယ်တော်ကျေးရွာဓမ္မာရုံတွင် ယနေ့နံနက်(၁၀)နာရီက သစ်တောပြုန်တီးမှုလျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ထင်းအစား အခြားလောင်စာသုံးမီးဖိုးများသုံးစွဲရေး အသိပညာပေး ဟောပြောပွဲနှင့် မီးဖိုများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တာဝန်ခံဦးစီးအရာရှိ ဦးစိုးနိုင်က ထင်းအစားအခြားလောင်စာသုံးမီးဖိုများသုံးစွဲခြင်းဖြင့် သစ်တောပြုန်းတီမှုလျော့နည်းလာပြီး သစ်ပင်သစ်တောများတိုးပွားလာကာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ ရာသီဥတုမျှတခြင်း၊ အပူဒဏ်များလျော့နည်းလာခြင်းနှင့် ပြည်သူများထင်းခုတ်ယူမှုလျောနည်းလာပြီး အခြားအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုလုပ်ဆောင်နိုင်သဖြင့် လူမှုစီးပွားပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ပြည်သူများအား ထင်းအစား အခြားလောင်စာသုံးသံပုံးစွပ်မီးဖို(၁၅၀)လုံးအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြေရေး ဦးစီးဌာနအနေဖြင့် သစ်တောပြုန်းတီးမှုလျော့နည်းစေရေး ထင်းအစား အခြားလောင်စာသုံး မီးဖိုများအခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများအပြင် ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရေး ပျိုးပင်များပျိုးထောင်ပြီး ကျေးရွာသုံးထင်းစိုက်ခင်းများ၊ တောင်တန်းစိုက်ခင်းများ၊ အခြားစိုက်ခင်းများ၊ တစ်အုပ်တစ်မစိုက်ခင်းများ၊ ဘက်စုံသုံးစိုက်ခင်းများ၊ တစ်အိမ်ကျွန်း(၃)ပင်နှင့်သစ်မာ(၃၀)ပင် စိုက်ခင်းများ စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment