MNP ၊ ဇူလိုင် ၇
လူငယ်လူရွယ်၊ ကျောင်းသား/သူများနှင့် ဒေသခံတိုင်းရင်းသားအားကစားမောင်မယ်များ ညီညာပြန့်ပြူးပြီး ပိုမိုကောင်းမွန်သော ဘောလုံးကွင်းတွင် ကစားရသည့်အတွက် ဘောလုံးစွမ်းရည်နှင့် အရည်အချင်းများ တိုးတက်ပြောင်းလဲလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားနယ်မြေရှိ ခရိုင်လေ့ကျင့်ရေး ဘောလုံးကွင်းအား အဆင့်မြှင့်တင်ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ခရိုင်လေ့ကျင့်ရေးဘောလုံးကွင်းအား အဆင့်မြှင့်တင်ပြန်လည်ပြုပြင်ဆောင်ရွက်ရာတွင် မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့်တကွ မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဗိုလ်မှူးထွန်းထွန်းဇော်တို့က ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိကြသူများက ဘောလုံးကွင်းပြုပြင်ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကိုလည်း ဆက်လက်လုပ်ဆောင်ရန် မှာကြားခဲ့ပါသည်။ ထိုသို့ ပြုပြင်ဆောင်ရွက်ရာတွင် မြိုနယ်အတွင်းရှိ ဘောလုံးဝါသနာရှင်များ၊ ဘောလုံးအားကစားကို စိတ်ပါဝင်စားကြသူများနှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ခေတ်မှီစက်ယန္တရားကြီးများဖြင့် ဘောလုံးကွင်းမြေညှိခြင်း၊ မြေနိမ့်ပိုင်းရေဝပ်သည့်နေရာများကို အစာထိုးမြေများထည့်၍ တစ်ညီ တစ်ညာတည်းမြေခင်းပြီး မြေသားကျစ်လစ်အောင်ဆောင်ရွက်ခြင်း၊ ဘောလုံးကွင်း ဘေးစည်းများ၊ အလယ်စည်းများနှင့် ဂိုးဧရိယာမျည်းများကို အသစ်ပြန်လည်ရေးဆွဲခြင်း၊ဂိုးတိုင်များ ခိုင်ခံမှုတို့ကို ပြန်လည်စစ်ဆေးခြင်းနှင့် ဂိုးပိုက်များ အသစ်ပြန်လည်တပ်ဆင်ခြင်းတို့အပြင် ခရိုင်အဆင့်လေ့ကျင့်ရေးဘောလုံးကွင်းတစ်ခု၏ သတ်မှတ်ချက်အရည်အသွေးနှင့် ပြည့်မှီအောင်လိုအပ်သည်များကို အဆင့်မြှင့်တင် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ခရိုင်လေ့ကျင့်ရေးဘောလုံးကွင်းအား အဆင့်မြှင့်တင်ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းဖြင့် မြို့နယ်အတွင်းရှိ ဘောလုံးအားကစားကို စိတ်ပါဝင်စားကြသော ဒေသခံတိုင်းရင်းသားအားကစားဝါသနာရှင်များ၊ လူငယ်လူရွယ်များနှင့် ကျောင်းသား/သူများအနေဖြင့် ဘောလုံးကွင်းကောင်းကောင်းတွင် လေ့ကျင့်ရသည့်အတွက် ဘောလုံးစွမ်းရည် ပိုမိုတိုးတက်ပြောင်းလဲလာမည် ဖြစ်ပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment