မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်






MNP ၊   ဇူလိုင် ၈

 ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန် က ဦးဥတ္တမ မင်္ဂလာကန်တော်နှင့်ကလေးကစားကွင်း၌ဆောင်ရွက်ခဲ့ကြသည်။


 စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့၀င်များ၊ လူမှု ရေးအသင်းအဖွဲ့ဝင်များက စုပေါင်း၍ ဦးဥတ္တမ မင်္ဂလာကန်တော်နှင့်ကလေးကစားကွင်းအတွင်းခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့်အမှိုက်ကောက် ခြင်းများကိုစုပေါင်းဆောင်ရွက်ခဲ့ကြသည်။


 အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၀င်များနှင့်ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)