MNP ၊ ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများအား သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှူဆောင်အရာရှိ ဦးအောင်သက်ဦး၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဟိုကျယ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်ရေ ပေးဝေလျက်ရှိသည် ဟိုကျယ်ရေထွက်မှ မြို့ပေါ်သို့သွယ်တန်းထားသည့် ပိုက်လိုက်များ ကြံ့ခိုင်မှုအား စစ်ဆေးခြင်း၊ ရေပိုက်လိုင်းများ ပြုပြင်ခြင်း၊ မြို့ပေါ်ရေပြည့်ဝစွာပြန်လည်ပေးဝေ နိုင်ရေးတို့အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည့် ပြုပြင်မှုများဆောင်ရွက်ပြီး မြို့ပေါ်(၅)ရပ်ကွက်သို့ သန့်ရှင်းသော သောက်သုံးရေပေးဝေနိုင်ပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ခွန်ရဲထွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment