မင်းလှမြို့၌ မိုးသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးမည့် တောင်သူများအား တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ မိုးသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးမည့် တောင်သူများအား တွေ့ဆုံဆွေးနွေး


MNP ၊   ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးသီးနှံစိုက်ပျိုး စရိတ်ချေးမည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၃ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးမည့် တောင်သူများအနေဖြင့် မိုးသီးနှံများစိုက်ပျိုးရာတွင် ဆီထွက်သီးနှံနေကြာအား လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေး၊ လျာထားချက် ပြည့်မီရေးသီးသန့်၊ သီးညှပ်စိုက်ပျိုးကြရန်၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။


 ထို့နောက် မြို့နယ်လယ်ယာ ဖွံ့ဖြိုး‌ရေးဘဏ်မန်နေဂျာ ဒေါ်သွယ်သွယ်အုန်းက ၂၀၂၃ခုနှစ်၊ မိုးသီးနှံချေး ငွေထုတ်ချေးခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကာ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဦးညီညီနိုင်က မျိုးကောင်း၊ မျိုးသန့်သုံးစွဲရေး၊    ပန်းတိုင် အထွက်နှုန်းရရှိရေး၊ စီမံကိန်းဧကပြည့်မီရေးတို့ကို ဆွေးနွေးခဲ့ပြီး၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်အင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက လယ်ယာမြေ လုပ်ခွင့်ပြုလက်မှတ် ပုံစံ-၇နှင့် ပတ်သပ်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသည့် တောင်သူများက ဆီထွက်သီးနှံ‌ မိုး‌နေကြာ စိုက်ပျိုးနိုင်‌ရေးနှင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြရာ ဌာနဆိုင်ရာတာဝန် ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ဇာဇာ

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)