ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံမှ မိုးစပါးလျာထားဧက (၂၉၉၀)ဧကအတွက် ပျိုးထောင်ရေများ ပေးဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံမှ မိုးစပါးလျာထားဧက (၂၉၉၀)ဧကအတွက် ပျိုးထောင်ရေများ ပေးဝေ




MNP ၊   ဇူလိုင် ၇

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံဆည် ရေသောက်ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက(၂၉၉၀)ဧကအတွက် စတင်ပျိုးထောင်စိုက်ပျိုးနိုင်ရန် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။


၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာ အတွင်းရှိ မြောင်းလက်တံအလိုက် မိုးစပါးစိုက်ပျိုးရန်လျာထားမှုအနေဖြင့် လက်ဝဲမြောင်းမကြီးရှိကျေးရွာ အုပ်စု ( ၆ )အုပ်စု ကွင်းပေါင်း ( ၁၄ )ကွင်းတွင် လျာထားဧက (၉၉၁)၊ လက်ယာမြောင်းမကြီး တစ်လျှောက်ရှိ ကျေးရွာအုပ်စု (၇)အုပ်စု ကွင်းပေါင်း (၁၆)ကွင်းအတွက် လျာထားဧက (၁၉၉၉)ဧက၊ စုစုပေါင်း (၂၉၉၀)ဧကနှင့် ရင်းရှည်တမံဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စု(၂)အုပ်စု ကွင်းပေါင်း (၄) ကွင်းရှိ လျာထားဧက ( ၅၁၉ )ဧက စုစုပေါင်း ကျေးရွာအုပ်စု (၁၅)အုပ်စု ကွင်းပေါင်း ( ၃၄ ) ကွင်းတွင် မိုးစပါးများ ပျိုးထောင်စိုက်ပျိုးနိုင်ရန် လျာထားဧက (၃၅၀၉) ဧက လျာထားထားကြောင်း သိရသည်။


အဆိုပါ မန်းချောင်းရေလှောင်တမံ၏ ကန်ရေပြည့်သိုလှောင်ပမာဏမှာ ၁၂၀၀၀၀ ဧကပေဖြစ်ပြီး ယနေ့လက်ရှိ ရေသိုလှောင်ပမာဏမှာ ၈၆၉၀၀၊ ရေအမှတ် ၅၈၅.၆၀ ပေ ဖြစ်သည့်အတွက် ဆည်ရေပေးဝေနိုင်သော ဧရိယာမှာ မိုးစပါး (၂၉၉၀)ဧက စိုက်ပျိုးရန် လျာထားကြောင်း၊ မန်းတမံဆည်မှ နွေစပါးများအတွက် အောင်ရေပေးဝေရင်း မိုးစပါးများ ပျိုးထောင်နိုင်ရန်အတွက်ပါ ထပ်ဆောင်း၍ ဆည်ရေပေးဝေလျက်ရှိကြောင်းနှင့် ရင်းရှည်ရေလှောင်တမံဆည်မှ မိုးစပါးပျိုးထောင်ရန်အတွက် စိုက်ပျိုးရေကို ဇွန်လ ၁၅  ရက်နေ့က စတင်၍ ပေးဝေလျက်ရှိကြောင်း သိရသည်။


မယု

 https://t.me/MyanmarNationalPost




No comments:

Post a Comment