မာန်အောင်မြို့နယ်တွင်ဌာနဆိုင်ရာဝန်ထမ်းများဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင်ဌာနဆိုင်ရာဝန်ထမ်းများဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်






MNP ၊ ဇူလိုင် ၂၇      

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ ဘုန်းတော်ကြီး ကျောင်းများ၌  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်းများတွင်ပြုလုပ်ခဲ့ကြသည်။


    အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြို့ ပေါ်ရပ်ကွက်များရှိ မဟာဓမ္မိကာရုံကျောင်း၊ကွမ်းသီးကျောင်းတို့တွင်ကျောင်း ပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသောနေရာများတွင်စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)