ခရမ်းမြို့နယ် ဆင်မင်းအိုင် ကျေးရွာတွင်ပန်းခင်းစီမံချက် (၂) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ် ဆင်မင်းအိုင် ကျေးရွာတွင်ပန်းခင်းစီမံချက် (၂) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်


MNP ၊ ဇူလိုင် ၂၇      

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူဝန်ထမ်းများ၊ ဆင်မင်းအိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ဆင်မင်းအိုင်ကျေးရွာ ဘုန်းတာ်ကြီးကျာင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက် (၉:၀၀) နာရီမှ ပန်းခင်းစီမံချက် (၂) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကိုကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးမှူးဦးမောင်မောင်သန်းမှ ပန်ခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (အသစ်/ လဲလှယ်) ခြင်းများ ပြုလုပ်ပေးရာတွင် သိသင့်သိထိုက်သည့် အချက်များနှင့် ပန်းခင်းစီမံချက် (၂)ဆောင် ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတို့လိုက်နာရမည့် စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားမှု၊ မွေးဖွားသေဆုံး/ ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့်ပျောက်ဆုံး ပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်းနှင့် နိုင်ငံသားကတ် ပြား၏တန်ဘိုးနားလည်စေရန်နှင့် ဌာနမှ biometric လုပ်ငန်းများဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ ပြီးပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပန်းခင်းစီမံချက်(၂) ဖြင့် ဆင်မင်းအိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူ (၁၁၅)ဦး တို့ကိုကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)