MNP ၊ ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ဇူလိုင်လ ၈ရက် နံနက် ၁၀ နာရီအချိန်က ညောင်ကုန်းကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၉၁၄ က)ညောင်ကုန်းကွင်း၊ ဦးပိုင်အမှတ် ၁၆၃/၁၊ တောင်သူဦးထွန်းစိုး၏ လယ်မြေ (၁) ဧကတွင် ရတနာတိုးမျိုးစပါးနွေစပါးစံပြကွက် ရိတ်သိမ်းပွဲကျင်းပပြုလုပ်ခဲ့ရာ တစ်ဧက စပါးအစိုထွက်နှုန်း၉၃ ဒသမ ၇၂ တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
အဆိုပါနွေစပါးရိတ်သိမ်းပွဲသို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဆန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးဝင်းကိုနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment