သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် ကြက်ခြေနီအသင်းခွဲငယ်များအား အသိပညာပေးဟောပြောပွဲနှင့် အသင်းခွဲငယ် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် ကြက်ခြေနီအသင်းခွဲငယ်များအား အသိပညာပေးဟောပြောပွဲနှင့် အသင်းခွဲငယ် အစည်းအဝေးကျင်းပ



MNP ၊   ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ကြက်ခြေနီအသင်းခွဲငယ် ဖွဲ့စည်းထားပြီးသော အခြေခံပညာကျောင်းများတွင်” ကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲများ”ကို သာပေါင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ကုလားဝဲ)၊ အခြေခံပညာ အလယ်တန်းကျောင်း(ဆင်လမ်း)နှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ဖန်ခါးကုန်း)ကျောင်းများ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေးဟောပြောပွဲများကို သာပေါင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးသက်ညီညီမင်းနှင့် ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးဇော်ဝင်းနိုင်တို့က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရသော ရည်ရွယ်ချက်နှင့် အကြောင်းရင်းများကို မိတ်ဆက်ပြောကြားခဲ့ပြီး ကြက်ခြေနီအခြေခံမူ (၇)ချက်နှင့် ဆောင်ရွက်နေသောလုပ်ငန်းများ၊ရှေးဦးပြုစုခြင်း၏ အရေးပါပုံနှင့်နည်းစနစ်များကို လက်တွေ့သရုပ်ပြသကာ ဟောပြောဆွေးနွေးခဲ့ပြီး အသင်းခွဲငယ် ဖွဲ့စည်းပုံကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ကျောင်းကြက်ခြေနီအသင်းခွဲငယ် တာဝန်ခံအဖွဲ့နှင့်တွေ့ဆုံ၍ အသင်းခွဲငယ်ဖွဲ့စည်းရခြင်းနှင့် ပတ်သက်သော ရည်ရွယ်ချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မြို့နယ်အသင်းခွဲမှ ဆောင်ရွက်ပေးနိုင်မည့် အစီအစဥ်တို့ကို ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးပို့သော ဂုဏ်ပြုမှတ်တမ်းလွှာ၊ကြက်ခြေနီ လှုပ်ရှားမှုနှင့် ပတ်သက်သော စာအုပ်စာတမ်းများ၊ လက်ကမ်းစာစောင်များ၊ အသိပညာပေး ဗီနိုင်းပိုစတာများနှင့် ရှေးဦးပြုစုခြင်း ဆေးအိတ်ငယ်များကို အသင်းခွဲငယ်ဥက္ကဋ္ဌများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)