မိုးညှင်းမြို့၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲကျင်းပ




MNP ၊   ဇူလိုင် ၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၃) ထွန်စက်စခန်း(ဟိုပင်)နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရွာသစ်ကုန်းကျေးရွာအုပ်စု တောင်သူဦးသန်းထွန်း၏ လယ်မြေတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းသရုပ်ပြသရာတွင် ရွာသစ်ကုန်းကျေးရွာအုပ်စု မြိုင်ရွာကွင်းအမှတ်(၃၂၀)၊ ဦးပိုင်(၁၅)၊ တောင်သူဦးသန်းထွန်း၏ လယ်မြေ၌စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၃) ထွန်စက်စခန်း(ဟိုပင်)မှ ဦးစီးမှူး ဦးမျိုးညွန့်ဦးက လယ်ယာလုပ်ကိုင်ကြသည့် ဒေသခံတောင်သူပြည်သူများအား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်တို့ ပြောင်းလဲကျင့်သုံးလာစေရန်၊ တောင်သူများအနေဖြင့် နည်းပညာမြင့် စက်ကိရိယာများ သုံးစွဲလာစေရန်နှင့် မြန်ဆန်လွယ်ကူသက်သာစေရန်ရည်ရွယ်၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ်ကို ကွင်းသရုပ်ပြသဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက မိုးစပါးများ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ပျိုးထောင်နည်းစနစ်များ၊ Seeder စိုက်ပျိုးနည်းစနစ်များနှင့် အခြားအသိပညာပေးခြင်းလုပ်ငန်းများကို ဒေသခံတောင်သူများနှင့် လေ့လာရေးကြည့်ရှုလာသည့် စက်မှု၊စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းမှ စိုက်ပျိုးရေးပညာဘာသာရပ်ဖြစ်သည့် ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းပြောကြားသည်။


ထို့နောက် အဆိုပါအသိပညာပေးကွင်းသရုပ်ပြပွဲသို့ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၃) ထွန်စက်စခန်း(ဟိုပင်)မှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှ စိုက်ပျိုးရေးပညာ ဘာသာရပ်ဖြစ်သည့် ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံတောင်သူများ စုစုပေါင်း(၆၀)ဦးခန့်က စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)