ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ MSME လုပ်ငန်းဖြစ်သော နှင်းတောင်ငှက်သိုက်လုပ်ငန်းအား လေ့လာအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ MSME လုပ်ငန်းဖြစ်သော နှင်းတောင်ငှက်သိုက်လုပ်ငန်းအား လေ့လာအားပေး








MNP ၊   ဇူလိုင် ၈

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုတို့အား သွားရောက် ကြည့်ရှုအားပေးပြီး MSME လုပ်ငန်းဖြစ်သော နှင်းတောင်ငှက်သိုက် လုပ်ငန်းအား လေ့လာအားပေးခဲ့သည်။


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆)မှ အရာရှိ၊ စစ်သည်များ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှ အစိုးရရပ်ကွက်ရှိ  အစိုးရအဖွဲ့ဧည့်ရိပ်သာနှင့် ငါးလုပ်ငန်းဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်း အတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် မိုခါ မုန်တိုင်းအပြီး လုပ်ငန်းများရပ်တန့်နေမှုမရှိဘဲ စဉ်ဆက်မပြတ်ထုတ်လုပ်ရောင်းချနေသည့် အရှေ့ပိုင်း ရပ်ကွက်ရှိ MSME လုပ်ငန်းတစ်ခုဖြစ်သော နှင်းတောင်ငှက်သိုက်လုပ်ငန်း မွေးမြူထုတ်လုပ်ရာနေရာသို့ ရောက်ရှိရာ ငှက်များလာရောက်နေထိုင်နေသော အိမ်ပိုင်ရှင်ဦးဇော်ဝင်းနိုင်က  ၂၀၁၆ ခုနှစ်ခန့်က နေအိမ် ဆောက်လုပ်နေစဉ်ကာလတွင် မိမိအိမ်သို့သဘာဝအလျှောက် လာရောက်နေထိုင်ခဲ့သော ဇီဝဇိုးငှက်များကို ‌နေခွင့်ပြုထားရှိခဲ့ပြီး ငှက်များနေထိုင်နိုင်ရန် ပြုပြင်ဖန်တီးပေးခဲ့ရာမှ တဖြည်းဖြည်း ဇီဝဇိုးငှက်များ များပြားလာကာ တစ်နှစ်လျှင် နှစ်ကြိမ်သားပေါက်နေကြောင်း ၊ ငှက်သားပေါက်အရွယ်သို့ရောက်ရှိပြီး အသိုက်များကို စွန့်လွှတ်ချိန်မှသာ အသိုက်ဟောင်းများကိုခွာယူ၍ ရရှိလာသည့် ငှက်သိုက်များကို အသင့်စားသုံးနိုင်သည်အထိ အဆင့်ဆင့် သန့်စင်ထုတ်လုပ်ကာ မြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေရာမှ ယခုအခါ ငှက်အကောင်ရေများစွာ တိုးပွားလာပြီဖြစ်သဖြင့် အဆိုပါငှက်သိုက်များကို ခေတ်မီနည်းပညာများကို အသုံးပြု၍ ပြည်ပဈေးကွက်များအထိ ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် နှင်းတောင်ငှက်သိုက် ထုတ်လုပ်ရေး လုပ်ငန်းမှ ဇီဝဇိုးငှက်များ မွေးမြူထားရှိမှုများနှင့် ငှက်သိုက်များအား သန့်စဉ်ထုတ်လုပ်ပုံ အဆင့်ဆင့်တို့ကို လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 



တင်ထွန်းဦး/ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)