ကံမမြို့နယ် သရက်‌တောကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ် သရက်‌တောကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး


MNP ၊   ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်    ရပ်ရွာအေးချမ်းသာယာရေး၊  တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက်    ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ် (၁) နာရီက ကံမမြို့နယ် အုတ်ရှစ်ချိုကျေးရွာအုပ်စု သရက်တော ကျေးရွာ စာသင်ကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုး ရဲမှူးခင်ဝင်းဇော်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးတို့က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အား  ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှု   အခြေအနေများအား ပြောကြားကြပြီး   ဒေသခံပြည်သူများ၏ သိရှိလိုသည့်မေးမြန်းချက်များအား  တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြ သည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ  ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ကျော်ဇေယျဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)