ကန့်ဘလူမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade- 9 နှင့် Grade- 12 သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade- 9 နှင့် Grade- 12 သင်တန်းဖွင့်ပွဲကျင်းပ



MNP ၊   ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade- 9နှင့် Grade- 12 သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီကကျင်းပကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းက ဘာသာရပ်ဆိုင်ရာအလိုက် သင်ကြားနေသော ဆရာ/ဆရာမများ အနေဖြင့် သင်ကြားသင်ယူမှုများ နှီးနှောဖလှယ်ခြင်း၊ မျှဝေခြင်း၊ ဆွေးနွေးခြင်းများကို အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။


ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းကျော်က သင်တန်းနှင့်ပတ်သက်သည့် အစီအစဥ်များ၊ သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ Grade- 9 သင်တန်းနည်းပြ ၃၇ ဦး၊ သင်တန်းသား/သင်တန်းသူ ၄၇၆ ဦး၊ Grade- 12 သင်တန်းနည်းပြ ၉ ဦး၊ သင်တန်းသား/သင်တန်းသူ ၁၃၆ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလ ၆ ရက် (ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ) ရက်များတွင် Grade- 9 က အခန်း(၁၂)ခန်း၊ Grade- 12 က အခန်း(၉)ခန်းခွဲ၍ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment