ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီး ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီး ချမှတ်


MNP ၊ ဇူလိုင် ၈

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့နှင့် ပြည်ဖျက်မီဒီယာများ က တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်လျက်ရှိပြီး ပြည်တွင်းရှိ ၎င်းတို့၏ လက်ပါးစေ အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ ပစ်မှတ်ထား၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည်။ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမားများထဲမှ ဖမ်းဆီးရမိသူ တချို့ကို ယမန်နေ့ က သက်ဆိုင်ရာတရားရုံးများတွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီးမြို့သူ၊ မြို့သားများအား CDM လှုပ်ရှားမှုများ၌ ပါဝင်စေရန်အတွက် စည်းရုံးသိမ်းသွင်းခြင်းများ ဆောင်ရွက်ခဲသည့် အပြင် အစိုးရဝန်ထမ်းအား CDMလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့သူ တရားခံ ရတနာဖြိုးအိ(ခ)ပိုအိ အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က(ဂ)အရ ထောင်ဒဏ်(၂) နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့၊ မြို့သစ်မြို့နယ်၊ ဖိုင်လင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး မြို့သူ၊ မြို့သားများအား CDM လှုပ်ရှားမှုများ၌ ပါဝင်စေရန်အတွက်၊ စည်းရုံးသိမ်းသွင်းခြင်းများ ဆောင်ရွက်ခဲသည့်အပြင် အစိုးရဝန်ထမ်းအား CDMလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့သူ တရားခံ ငမ်မင်းအောင် အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က(ဂ)အရ ထောင်ဒဏ်(၂) နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မြို့သူ၊ မြို့သား များအား CDM လှုပ်ရှားမှုများ၌ ပါဝင်စေရန်အတွက်၊ စည်းရုံးသိမ်းသွင်းခြင်းများ ဆောင်ရွက်ခဲသည့် အပြင် အစိုးရဝန်ထမ်းအား CDMလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ခဲ့သူ တရားခံ အောင်ကိုကိုဦး အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က(ဂ)အရ ထောင်ဒဏ်(၂) နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာ တွင်နေထိုင်လျက်ရှိပြီး တပ်မတော်မှ အားဏာထိန်းသိမ်းသည့် ဖြစ်စဉ်အား မကျေနပ်သဖြင့် ဆန့်ကျင်ကန့်ကွက်ပြီး ကလေးမြို့ပေါ် ရပ်ကွက်များတွင် ပြုလုပ်သည့် ဆူပူဆန္ဒပြမှုများတွင် လိုက်ပါ ဆောင်ရွက်ခဲ့သူ တရားခံ ပိုင်စိုးသန့် အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က(ဂ)အရ ထောင်ဒဏ်(၂) နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး  အနောက်မြောက်တိုင်း စစ်ဌာနချုပ် မှ ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေး (Martial Law)အမိန့်အား လိုက်နာခြင်း မရှိသည့် တရားခံ ချစ်မွှေး(ခ)ကိုမွှေးအား ရာဇသတ်ကြီး ပုဒ်မ-၁၈၈ အရ အလုပ်နှင့်ထောင်ဒဏ် (၃) လ ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ကနီမြို့နယ်၊ အင်ကြင်းပင်ကျေးရွာတွင်နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများထံတွင် သင်တန်းတက်ရောက်ခဲ့သော အကြမ်းဖက်သမားများ သွားလာရေးအတွက် ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ မျိုးကျော်သူ(ခ) မောင်မျိုး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများထံတွင် သင်တန်းတက်ရောက်ခဲ့သော အကြမ်းဖက်သမားများ သွားလာရေးအတွက် ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ မင်းထက်အောင်(ခ) ရွှေတိုး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့နယ်၊ သစ်ညိုပင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများထံတွင် သင်တန်းတက်ရောက်ခဲ့ခြင်း၊ ငွေကြေးများ ထောက်လှူခံခြင်းနှင့် ထောက်ပံ့ ခြင်းများ ဆောင်ရွက်ခြင်းနှင့် လူမှုာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန် အကြမ်းဖက်မှုများအား လှုံ့ဆော်သည့် Videoများအား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ငြိမ်းမင်းသူအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၁)နှစ် ၊၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့နယ်၊ သစ်ညိုပင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများထံတွင် သင်တန်းတက်ရောက်ခဲ့ခြင်း၊ ငွေကြေးများ ထောက်လှူခံခြင်းနှင့် ထောက်ပံ့ ခြင်းများ ဆောင်ရွက်ခြင်းနှင့် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန် အကြမ်းဖက်မှုများအား လှုဆော်သည့် Videoများအား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ နေမျိုးဝင်း(ခ)နေကြီး အား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၁)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့နယ်၊ ကွမ်းယာဆိုင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများထံတွင် သင်တန်းတက်ရောက်ခဲ့ခြင်း၊ ငွေကြေးများ ထောက်လှူခံခြင်းနှင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်ခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန် အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်သည့် Video များအား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ စုမွန်ကျော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၁)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ နန္နဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများထံတွင်  သင်တန်းတက်ရောက်ခဲ့ခြင်း၊ ငွေကြေးများ ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်ခြင်းနှင့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန် အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်သည့် Videoများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ အောင်ကျော်စိုး(ခ) အောင်ကျော်စိုးဝင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၁)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ နန္နဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်ခြင်းနှင့် အားပေးကူညီခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ မြင့်ဇော်(ခ) ဇော်ကြီးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ နန္နဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDFအကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်ခြင်းနှင့် အားပေးကူညီခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ တင်မြင့် အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ သလ္လာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် PDF အကြမ်းဖက်အဖွဲ့တို့၏ တိုက်ပွဲသတင်းများ၊ အလှူခံသတင်းများနှင့် အကြမ်းဖက်အားပေး သတင်းများ ဖြန့်ဝေခြင်းများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူတစ်ဦးဦး ပါဝင်လာစေရန် တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်း၊ အားပေးထောက်ခံခြင်း၊အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်ရန် ပေါက်ကွဲစေတက်သော ဗုံး/လက်နက် အား ဝယ်ယူထားရှိသူ တရားခံ နေဇင်ဖြိုး(ခ)နေကြီးအား  ကလေးသူငယ်ဥပဒေ ပုဒ်မ ၈၉(င)အရ အမိန့်ချသည့်နေ့မှစ၍ (၂)နှစ်ပြည့်သည့်အထိ မန္တလေးလူငယ် သင်တန်းကျောင်းသို့ ပိုအပ်စေ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)