ထားဝယ်မြို့တွင်ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့တွင်ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲကျင်းပ


MNP ၊   ဇူလိုင် ၆

ပြည်ထဲရေးဝန်ကြီးဌာန၊ ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍    ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ရတနာမာန်အောင် သီလရှင်စာသင်တိုက်၌ ကျင်းပသည်။


ပြိုင်ပွဲတွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်ရွတ်အသင်းများက ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ် ပူဇော်ယှဉ်ပြိုင်ရာ အကဲဖြတ်ဒိုင်များက စိစစ်အကဲဖြတ်ခဲ့ကြသည်။


ထို့နောက် ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးဘုန်းမြတ်သူနှင့် တာဝန်ရှိသူများက ရတနာမာန်အောင် သီလရှင်စာသင်တိုက်ထံ အလှူငွေများ ထောက်ပံ့ပေးအပ်ပြီး ဝတ်ရွတ်အသင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ငွေဇင်ယော်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)