၂၀၂၃ ခုနှစ်၊ ဒိုက်ဦးမြို့နယ် မိုးရာသီအလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်၊ ဒိုက်ဦးမြို့နယ် မိုးရာသီအလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP ၊   ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မိုးရာသီအလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ အချိန်က မြို့နယ်ပြည်သူ့အားကစား ကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် ဒိုက်ဦးမြို့နယ် OLD STAR ဘောလုံးအဖွဲ့ခေါင်းဆောင်က အဖွင့် အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံ နှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် အားကစားသမားများက အားကစားအဓိဌာန် ၄ ချက်ကို ရွတ်ဆိုကြပြီး စစ်ကြောင်းဖြင့် ပြန်လည်ထွက်ခွာကြသည်။


ဖွင့်ပွဲနေ့တွင် ညွန့်ပေါင်းအသင်းနှင့် ပြွန်တန်ဆာအသင်းတို့ ယှဉ်ပြိုင်ကစားကြကာ ဘောလုံး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၁ သင်း မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)