မိုးညိုမြို့နယ်၌ ဂရန်အင်းနှင့် တင်ဒါချက်များအား လေလံတင်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်၌ ဂရန်အင်းနှင့် တင်ဒါချက်များအား လေလံတင်ရောင်းချ



MNP ၊   ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပဉ္စမ)အကြိမ် ဂရန်အင်းများ‌ လေလံတင်‌ ရောင်းချခြင်းနှင့် (စတုတ္တ)အကြိမ် တင်ဒါချက်များအား လေလံတင် ရောင်းရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဂရန်အင်းနှင့် တင်ဒါချက်များ လေလံတင်‌ရောင်းချခြင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်း‌ဒေသကြီးဦးစီးဌာနမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ်ဆောင်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အင်းလေလံရောင်းချရေး ကော်မတီဝင်တို့က မိုးညိုမြို့နယ်အတွင်းရှိ (ပဉ္စမ)အကြိမ် ဂရန်အင်းနှင့် (စတုတ္တ)အကြိမ် တင်ဒါချက်များကို လေလံတင်ရောင်းချခဲ့ရာ ဂရန်အင်း(၁)အင်း ရောင်းချနိုင်ခဲ့ပြီး ရောင်းချရငွေ (၃၅၅၀၀၀၀/-) ကျပ် ကို နိုင်ငံတော်အခွန်ငွေ ရရှိခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။                                                                                         


ကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment