မိုးနဲမြို့နယ်၌ ဖရုံသီးစျေးကောင်းရသဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများပြားလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ဖရုံသီးစျေးကောင်းရသဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများပြားလာ


MNP ၊   ဇူလိုင် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာနေ တောင်သူ ဦးနိုင်ဝင်း၏ ယာခင်း၌ ဖရုံသီးများစျေးကောင်းရရှိနေသဖြင့် ထပ်မံ စိုက်ပျိုးထားကြောင်း သိရသည်။


ဖရုံပင်များကို ဇွန်လအစောပိုင်းတွင် စတင်စိုက်ပျိုးထားခဲ့ကြောင်း၊ တစ်နိုင်တစ်ပိုင်အဖြစ် ယာခင်း အတွင်းသော်လည်းကောင်း ချောင်းနံဘေးတွင်လည်းကောင်း ‌တောင်သူအများ အပြား စိုက်ပျိုးထားကြကြောင်း၊ မိမိယာခင်းအတွင်း ဖရုံပင် ၁၅ ပင်ကျော်စိုက်ပျိုး ထားကြောင်း၊ အခြားသီးနှံများအဖြစ် ရှမ်းပြောင်း(ခေါ်) ရောင်စုံပြောင်း၊ ပဲတောင့်ရှည်၊ သခွား၊ ခရမ်းညို၊ ရုံးပတီပင်များကိုပါ စိုက်ပျိုးထားကြောင်း၊ အပတ်စဥ် ပေါင်းသင်ရှင်းလင်းပေးပြီး နေ့စဥ် ညနေအချိန်တွင် ရေလောင်းပေးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိနေကြောင်း၊ ပုလဲမြေသြဇာ ပတ်ဖျန်းပေးခြင်းဖြင့် အပင်ကြီးထွားနှုန်းကောင်းစေကြောင်း၊ မြို့မစျေးကြီး တွင် ဖရုံသီးအသေးတစ်လုံးလျှင် ကျပ် (၁၀၀၀) အထက် ပေါက်စျေးရှိနေကြောင်း၊ ဖရုံညွှန့် ၅ ညွှန့်တစ်စီးလျှင် ကျပ် ၄၀၀ အထိပေါက်စျေးရှိနေကြောင်း၊ ယခင် ဖရုံစိုက်ပျိုးပြီး ခူးဆွတ် ရောင်းချရာတွင် မိသားစုအပိုဝင်ငွေရရှိကာအဆင်ပြေကြောင်း၊ ယခုစိုက်ပျိုးထားသော စိုက်ပျိုးသီးနှံများ ရောင်းချရာတွင်လည်း စျေးကောင်းရရှိရန် မျှော်လင့်နေကြောင်းနှင့် ချောင်းနံဘေးတွင် ရာခင်းရှိသည့်အတွက် ရေအခက်အခဲမရှိကြောင်း တောင်သူ ဦးနိုင်ဝင်းထံမှ သိရသည်။


ဇင်ကိုကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)