MNP ၊ ဇူလိုင် ၆
တာကော်တံတားတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များ မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ယမန်နေ့ ည ၇ နာရီခန့်တွင် အများပြည်သူ အေးချမ်းသာယာစွာ သွားလာနိုင်ရေးအတွက် တာချီလိတ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသော WISH/အဖြူရောင် (လိုင်စင်မဲ့) ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာတွင် ခွေးဝဲစား PDF အကြမ်းဖက်သမားများအသုံးပြုသည့် လက်နက်/ ခဲယမ်းများနှင့်အတူ ယာဉ်မောင်းအား ဖမ်းဆီး ရရှိခဲ့ပါသည်။
အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် -
(၁) တရုတ်နိုင်ငံထုတ် စက်လက် ၅ လက်
(၂) Type-81-1 မောင်းပြန်ရိုင်ဖယ် ၄ လက်
(၃) တူရကီ နိုင်ငံထုတ်MK– 12 Buffer Bolt System ၁ လက်
(၄) ဂျာမနီနိုင်ငံထုတ် HK-MP-5 သေနတ် ၁ လတ်
(၅) အီတလီ နိုင်ငံထုတ် Pletro Berella ပစ္စတို ၁ လက်
(၆) ကျည် ၁၂၅ တောင့်
(၇) ကျည်အိမ်မျိုးစုံ ၁၅ ခု
(၈) စက်လက်ကျည်ခါးပတ်တွဲ ၄ ခု
(၉) လွယ်ကြိုး ၁ ချောင်း
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။.
ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့အနေဖြင့် ၎င်းတို့၏ လက်ပါးစေ ခွေးဝဲစား PDF အကြမ်းဖက်သမားများထံ လက်နက်များ နည်းလမ်းမျိုးစုံဖြင့် ပို့ဆောင်ပေးနေပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်လျက်ရှိရာ ယမန်နေ့က အရာတော်မြို့နယ်တွင် အပြစ်မဲ့ ပြည်သူ ၁၅ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။
#MyanmarNationalPost

No comments:
Post a Comment