ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အ.ထ.ကတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အ.ထ.ကတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊   ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို၊ ယနေ့ နံနက်(၁၁)နာရီက၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ဒေါ်စန်းညွန့်ဌေး(အထပြ-မြန်မာစာ)က လူကုန်ကူးမှုများစတင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်မှုအခြေအနေများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အဖြစ် စတင်သတ်မှတ်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က လူကုန်ကူးမှုဖြစ်ပေါ်ရခြင်းအကြောင်းနှင့် လူကုန်ကူးခံရမှုအခြေအနေများ၊ လူကုန်ကူးခံရသူများ၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့်ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်အခြေအနေများကို ရှင်းလင်းပြောကြားသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ Grade-11 မှ ကျောင်းသား/ ကျောင်းသူ ၁၅၀ ဦးနှင့်ကြီးကြပ်သူ ဆရာ/ ဆရာမများ  တက်ရောက်လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။


ဦးနေအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)