နမ္မတူတွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူတွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ




MNP ၊   ဇူလိုင် ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊  ဘဏ္ဍာရေးနှစ် ပထမ ၃ လပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေမျာပေးအပ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ အကျိုးခံစားခွင့်ရှိသူ သက်ကြီးဘိုးဘွားများလက်ဝယ်အရောက် ကောင်းမွန်စွာ စနစ်တကျထောက်ပံ့ပေးအပ်နိုင်ရေး မှာကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ပိုးမဉ္ဇူနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခု၊  ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) ၃ လအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကျပ်နှုန်းဖြင့် နမ္မတူရပ်ကွက်၊ ပန်ဟိုက်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ အုပ်စုတို့ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း ၁၂၃ ဦးတို့အတွက်၊ စုစုပေါင်းငွေကျပ် ၃၆၉၀၀၀၀ ကျပ်အား အကျိုးခံစားခွင့်ရှိသူ သက်ကြီးဘိုးဘွားများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။


လူမော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)