MNP ၊ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ၊ ကိုယ့်အား ကိုယ်ကိုးစာကြည့်တိုက်များနှင့် စံညီစာကြည့်တိုက်များ ရေရှည်ရှင်သန်တည်တံ့စေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မြို့နယ်စာ ကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ် စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ် အတွင်းရှိ စာကြည့်တိုက်တာဝန်ခံများနှင့် စာကြည့်တိုက်ကော်မတီဝင်များက လက်ရှိအခြေအနေတွင် မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များအား အသေးစိတ် ရှင်းလင်းတင်ပြ ခဲ့ကြရာ တင်ပြချက်များအပေါ် မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ် စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက် စာကြည့်တိုက်များ၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များနှင့် စံညီစာကြည့်တိုက်များမှ တာဝန်ခံများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment