MNP ၊ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ ပလတ်စတစ်လျော့ချရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး ယနေ့နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မျိုးဆွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဒေါ်မြတ်မြတ်မိုးနှင့် ဒုတိယဦးစီးမှူး ဒေါ်ချိုဝေလွင်တို့ပူးပေါင်း၍ ချောက်မြို့မစျေးတွင် တနင်္လာနေ့တိုင်း မြို့မစျေးအတွင်းနှင့်အပြင်တွင် ပလတ်စတစ်အိတ်မသုံးစွဲရဟု သတ်မှတ်ထားရှိပြီး ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့်အစား ထိုးထုတ်ပိုးသုံးစွဲစေရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးပြီးစားသုံးဆီ အမျိုးမျိုးရောင်းချသော စျေးသည်များနှင့် တွေ့ဆုံကာ စားသုံးဆီသုံးစွဲသူများ၏ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး ရှင်းလင်းခဲ့သည်။
ထို့နောက် မြို့မစျေးကြီးရှိအများသုံး သန့်စင်ခန်းရှိရေလှောင်ကန်များ၌ အဘိတ်ဆေးခတ်ခြင်း၊ စျေးမီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် စျေးအတွင်း ရှိ မီးလောင်လွယ်ကူသောဂျပ်ဖာ၊ ကတ်ထူစက္ကူ၊ မိုးကာအစုတ်အပြဲများ၊ ဆိုင်အမိုးပေါ်ရှိ သစ်ရွက်ခြောက်အမှိုက်များ ရှင်းလင်းဆောင်ရွက်ခြင်းတို့အပြင် မြို့မစျေးကြီး၏ မီးငြိမ်းသတ်စက်များဖြင့် စက်အသင့်၊ လူအသင့်၊ ရေအသင့်၊ စက်သုံးဆီအသင့်ထားရှိ ဆောင်ရွက်မှုများကိုပါ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်မိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment