ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနဲ့ ဝိသမလောဘသားများ၏ သရုပ်မှန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနဲ့ ဝိသမလောဘသားများ၏ သရုပ်မှန်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ ၂၀၀၀၀ ကျပ်တန် ငွေစက္ကူသစ်ကို ဇူလိုင်လ (၃၁) ရက်နေ့မှာ ထုတ်ဝေသွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်၊ ရတနာဆင်ဖြူတော် ရဋ္ဌနန္ဒက တစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ်နဲ့ ထုတ်ဝေမှာ ဖြစ်ပါတယ်။ ထုတ်ဝေရာမှာလည်း လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးမှာ ဟောင်းနွမ်းစုတ်ပြဲ လှဲလှယ်မှုတွေကို အစားထိုးအနေနဲ့သာ ထုတ်ဝေသွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးကို ခုတုန်းလုပ်ပြီး စီးပွားရှာကြတဲ့ ဝိသမလောဘသားများကလည်း ရှိနေပါတယ်။ ၂၀၀၀၀ ကျပ်တန် ငွေစက္ကူ ထုတ်ဝေမှာဖြစ်ကြောင်း ကြေညာပြီးချိန်မှာပဲ ကုန်ဈေးနှုန်းတက်ဖို့ ပြင်ဆင်နေကြသူတွေ ရှိသလို အိမ်ခြံမြေနဲ့ ကားဈေးကွက်မှာပါ လှုပ်ခတ်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။

နေပြည်တော်မှာ အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်နေသူတစ်ဦး က "၂၀၀၀၀ တန် ဂယက် က နေ့ချင်းညချင်းကို အိမ်ခြံမြေတွေ အဝယ်လိုက်ပြီး စရံတွေချနေကြတယ်။ ညတွင်းချင်းကို စရံတွေချနကြေတာဗျ။ ကိုယ်တွေသာ တစ်ပွဲမှ မဖြစ်တာ။ ပွဲဖြစ်တဲ့ သူတွေကတော့ ညတွင်းချင်း စရန်ချနေကြတာ"လို့ ဆိုပါတယ်။

မြန်မာပြည်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘောသဘာဝပါပဲ။ ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ဆောင်တဲ့ ကိစ္စတွေမှာ ရည်ရွယ်ချက်အမှန်ကို ပြည်သူတွေကြားမှာ ရောထွေးယှက်တင်ဖြစ်အောင် လုပ်ကြံ လီဆည်ပြီး သတင်းဖြန့်ကြမယ်။ မတော်လောဘနဲ့ အများပြည်သူကို အတိဒုက္ခရောက်အောင် ဖန်တီးကြမယ်။ ပြည်သူတွေမှာက အစိုးရရဲ့ ရည်ရွယ်ချက်ကို မသိဘဲ ကောလဟာလတွေ ကြားမှာ မကျေနပ်မှုတွေ ဖြစ်ပေါ်လာကြပါတယ်။ ကုန်ဈေးနှုန်းတွေ တက်အောင်ပဲ နှစ်သောင်းတန်ကို ထုတ်သလိုလို ဖြစ်လာပါတယ်။

မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ရာမှာ ဦးဆောင်ပါဝင်တဲ့ BBC သတင်းဌာနက "ဗဟိုဘဏ်ကနေ "နှစ်သောင်းကျပ်တန်" ငွေစက္ကူအသစ်ကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ့်အကြောင်း စစ်ကောင်စီကထုတ်ပြန်ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘုရားဒကာအဖြစ် လှူဒါန်းထားတဲ့ "မာရဝိဇယ" ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်အနေနဲ့ရော မနှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော် "ရဋ္ဌနန္ဒက" ရဲ့ တစ်နှစ်ပြည့်မွေးနေ့အဖြစ်ပါ ဒီငွေစက္ကူအသစ်တွေကို ထုတ်ဝေတာလို့ ‌ဆိုပါတယ်။ ဒီငွေစက္ကူသစ် ထွက်လာမယ်ဆိုတဲ့နောက် ပြည်တွင်းငွေကြေးဈေးကွက်မှာ နိုင်ငံခြားငွေလဲနှုန်း မြင့်လာနိုင်ပြီး ငွေကြေးဖောင်းပွတာနဲ့ ကုန်ဈေးနှုန်းတက်တာတွေရှိမယ်လို့သုံးသပ်လာကြပါတယ်။" ရေးသားဖော်ပြမှုတွေ လုပ်ဆောင်လာပါတယ်။

အမေရိကန်အခြေစိုက် မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နဲ့ အကြမ်းဖက်လှုံ့ဆော်မီဒီယာတစ်ခုအဖြစ် ရပ်တည်နေတဲ့ VOA သတင်းဌာနမှာတော့ "၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်အာဏာသိမ်းပြီးနောက် ငွေစက္ကူအသစ် ကျပ် နှစ်သောင်းတန် ထုတ်ဝေဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ချိန်မှာ ဒီသတင်းဟာ ကောလဟာလသတင်းတွေသာဖြစ်တယ်လို့ ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉  ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ဘူးပါတယ်။ 

တဘက်မှာတော့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်း ကြီးကြီးမားမား ရင်ဆိုင်ရင်နေရတာကြောင့် အခုလို ငွေစက္ကူအသစ် ထုတ်ဝေလိုက်ခြင်းအားဖြင့် ကျပ်ငွေတန်ဖို့ ကျဆင်းပြီး ငွေကြေးဖောင်းပွမှုနှုန်း အဆမတန်မြင့်တက်လာမယ့် အခြေအနေရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြထားပါတယ်။" ဆိုပြီး ရေးသားဖော်ပြလာပါတယ်။

နိုင်ငံတော်ကို ပေးဆပ်ရမည့် ကြွေးမြေတွေ မပေးဆပ်ဘဲ ပြည်ပကို ထွက်ပြေးသွားတဲ့ ပြည်ဖျက်မီဒီယာ DVB ကတော့ NUG အကြမ်းဖက်အဖွဲ့ရဲ့ ပြောစကားကို ခေါင်းတည်ပြီး "အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရ မဟုတ်တဲ့အတွက်ကြောင့် အခုရိုက်နိုပ်ထုတ်ဝေတဲ့ ငွေ စက္ကူ ၂၀၀၀၀ တန်ဟာ တရားမဝင် ငွေကြေးသာဖြစ်တယ်လို့ NUG အကြမ်းဖက်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒု ဝန်ကြီးက ပြောပါတယ်။" ဆိုပြီး ရေးသား ဖော်ပြလာပါတယ်။

NUG အကြမ်းအဖွဲ့က ခွေးဝဲစား အကြမ်းဖက်လှုံ့ဆော်သူများကလည်း ဘယ်နေရာ ဘယ်သောင်ကမ်းမှာ နေသည်ဆိုတာကို မသိရဘဲ ပြောလိုက်တဲ့ စကားလုံးတွေကတော့ ကြီးပေ့ ကျယ်ပေ့ လို့ ဆိုရမှာပေါ့ဗျာ။ သူများနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခံယူပြီး ခိုကပ်နေရတဲ့ ခွေးဝဲစား အကြမ်းဖက်လှုံ့ဆော်သူတွေက အခုထိ သူတို့ကိုယ်သူတို့ တရားဝင်အစိုးရသဖွယ် ပေါက်ကရ ပေါက်ပန်းစေး ပြောနေကြတုံးပဲ ဖြစ်ပါတယ်။

အဲဒီလို ပေါက်ကရ ပေါက်ပန်းစေး ပြောနေတဲ့ NUG အကြမ်းဖက်အဖွဲ့က ခွေးဝဲစားတွေဟာ တရားဝင်အစိုးရဖြစ်ဖို့ မပြောနဲ့ မြန်မာနိုင်ငံသားစာရင်းမှာတောင် မရှိတော့တဲ့ နိုင်ငံမဲ့ ဒုက္ခသည်တွေ ဖြစ်နေကြပါပြီ။

ဧရာဝတီ သတင်းဌာန က ခွေးဝဲစား အောင်ဇော်ကတော့ "စီးပွားရေးကျဆင်းမှုနှင့် ဘဏ္ဍာငွေအကျပ်အတည်း ရင်ဆိုင်နေရသော အာဏာသိမ်းစစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို လာမည့် ဇူလိုင် ၃၁ ရက်နေ့မှ စတင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ယနေ့ထုတ်ပြန်ကြေညာလာသည်။ ကျပ် နှစ်သောင်းတန်ငွေစက္ကူသည် အစိမ်းနုရောင် ဖြစ်ပြီး အလျား ၁၅ စင်တီမီတာ နှင့် အနံ ၇စင်တီမီတာ ရှိမည်ဖြစ်ကာ အရှေ့ဘက်တွင် ဆင်ဖြူတော်ပုံ၊ အနောက်ဘက်တွင် စစ်ကိုင်းတံတား နှင့် ဧရာဝတီတံတားပုံ ရိုက်နှိပ်ထားမည်ဖြစ်သည်။ ကျပ်နှစ်သောင်းတန်များကို အကန့်အသတ်ဖြင့် ထုတ်ဝေသွားမည်ဖြစ်ပြီး ဟောင်းနွမ်းငွေစက္ကူများနှင့် တန်ဖိုးတူလဲလှယ်ပေးသွားမည် ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနေချိန်တွင် ယခုလို ငွေစက္ကူအသစ်ရိုက်ထုတ်ခြင်းသည် ကုန်ဈေးနှုန်းထပ်မံမြင့်တက်ပြီး တိုင်းပြည်စီးပွားရေးကို ပိုမိုထိခိုက်စေမည်ဖြစ်သည်။" လို့ ထင်ရာမြင်ရာ သုံးသပ်ရေးသား ဖော်ပြထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ် ကြောင်း ကြေညာလိုက်ရာ ယင်းသတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေနှင့်ကားဈေးကွက်အားလုံး အရောင်း ယာယီပိတ်လိုက်ကြကြောင်း သိရှိရသည်။ 

Khit Khit Media က ခွေးဝဲစား သာလွန်ဇောင်းကြွ ပေါက်ကရ ပေါက်ပန်းစေး ရေးရမယ်ဆိုရင် သူမတူအောင် လက်စွမ်းပြချင်သူက "ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူများ ထုတ်ဝေမည်ဖြစ် ကြောင်း ကြေညာလိုက်ရာ ယင်းသတင်းထွက်ပေါ်ပြီး နာရီပိုင်းအတွင်းတွင် ဈေးကွက်များအားလုံးတွင် အရောင်းများ ယာယီ ပိတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။" ဆိုပြီး လုပ်ကြံလီဆည် ရေးသားဖော်ပြထားပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေနဲ့ လူမျိုးလိမ်နာမည်တစ်လုံးနဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေကြတဲ့ ပြည်ဖျက်မီဒီယာ အားလုံးဟာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အလေးထားစောင့်ကြည့်နေကြတာပါ။ ကောင်းသော စောင့်ကြည့်ခြင်းမျိုးတော့ မဟုတ်ပါဘူး။ ပြည်သူတွေကြားမှာ အသိမှား အမြင်မှား ဖြစ်အောင် ဘယ်လိုလုပ်ကြံဖန်တီး ပြောဆိုရမလဲ၊ ရေးသားဖြန့်ဝေရမလဲ ဆိုတာကို စောင့်ကြည့်နေကြတာပါ။ သူတို့ရဲ့ ပရောက်ဖက်ရှင်နယ်အလုပ် က တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အလုပ်ဖြစ်တဲ့ အတွက်ကြောင့် ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ဆောင်တဲ့ ကိစ္စမှန်သမျှကို ရည်ရွယ်ချက် ပေါက်မြောက် အောင်မြင်မှာ အလွန်အမင်း စိုးရိမ်ပြီး အခုလို အများပြည်သူ အထင်လွဲအမြင်မှား ဖြစ်အောင် လုပ်ဆောင်ကြခြင်းပဲ ဖြစ်ပါတယ်။အဲဒီလို ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ ရဲ့ ပေါက်ပန်းစေး ရေးသားဖော်ပြမှုတွေကြောင့် ပြည်သူတွေကြားမှာ ထင်ယောင်ထင်မှား ဖြစ်မှုတွေ ကြီးထွားလာတာပဲ ဖြစ်ပါတယ်။ 

ပြည်သူများအနေနဲ့ အခုလို လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေနဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ အစဉ်တစိုက် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် လုပ်ဆောင်နေမှုတွေကို သိရှိနားလည်ကြပြီး ဝိသမလောဘသားတွေရဲ့ လှည့်ဖျားခြင်းကို မခံရစေဖို့ သတိရှိကြဖို့ အသိပေး တင်ပြလိုပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)