ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အလုပ်သမားရေးရာကော်မတီက ဂျပန်နိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်မည့် လူငယ်များအတွက် MYANMAR SANKOU သင်တန်းကျောင်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အလုပ်သမားရေးရာကော်မတီက ဂျပန်နိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်မည့် လူငယ်များအတွက် MYANMAR SANKOU သင်တန်းကျောင်းဖွင့်လှစ်







MNP ၊ ဇွန်လ ၂၃

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု လူငယ်ပရဟိတသင်တန်းကျောင်း၌ ဂျပန်နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်ကြမည့် လူငယ်များအတွက် MYANMAR SANKOU သင်တန်း ဖွင့်လှစ်ထားကြောင်း သိရသည်။

MYANMAR SANKOU သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ မှဗဟိုအလုပ်အမူ့ဆောင် ဦးမောင်မြင့် (အလုပ်သမားရေးရာတာဝန်ခံ) ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးလှဆွေ နှင့်ကော်မတီဝင်များ MYANMAR SANKOU သင်တန်းကျောင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလုပ်သမားရေးရာတာဝန်ခံ ဦးမောင်မြင့် က ဂျပန်နိုင်ငံသို့သွားရောက်၍ အလုပ်လုပ်ကိုင်ကြမည့် သင်တန်းသားများ ဆုံးမ အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စု နယ်မြေပါတီဥက္ကဌ ဦးလှဆွေမှ သင်တန်း၌ ကြိုးကြိုးစားစားသင်ယူကြရန်နှင့် ဂျပန်နိုင်ငံ၌ ငွေရှာရုံသက်သက်သာသွားရောက်ခြင်း မဟုတ်ဘဲ နည်းပညာနှင့် အတွေ့အကြုံကောင်းများကိုပါသင်ယူ၍ မြန်မာနိုင်ငံအတွက် အားကိုးရသော နိုင်ငံသားကောင်းများဖြစ်လာအောင် ကြိုးစားကြဖို့မှာကြားခဲ့ကြောင်း သိရသည်။

MYANMAR. SANKOU ကုမ္မဏီမှတာဝန် ရှိပုဂ္ဂိုလ်များမှလည်း ယခုလက်ရှိ သင်တန်းသား ၆၂ ဦး မှ ၁၂ ဦးသည် ဂျပန်းနိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် လုပ်ငန်းခွင်အင်တာဗျူးများအောင်မြင်ထားပြီး ကျန်သင်တန်းသားများအား ၈လပိုင်းအတွင်း လုပ်ငန်ခွင်အင်တာဗျူးများ ဆက်လက်ဖြေဆိုခွင့်ရအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အင်တာဗျူး အောင်မြင်သွားသူများအား ၆ လအတွင်း ဂျပန်နိုင်ငံသို့ အလုပ် လုပ်ကိုင်ရန် စေလွတ်သွားပါမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားရေးရာတာဝန်ခံ အဖြစ် ဦးမောင်မြင့် တာဝန်ယူဆောင်ရွက်လာပြီးနောက်ပိုင်း အလုပ်လက်မဲ့ ဖြစ်နေသော လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ပြည်တွင်း ပြည်ပ အလုပ်အကိုင်များကို အလုပ်သမားရေးရာဌာနမှ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို နေပြည်တော် ပြည်ထောင်စုနယ်မြေ ပါတီရုံးတွင် ရှင်းလင်းပြောကြားခဲ့ပြီးနောက် အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနေမှုများကို တွေ့မြင်လာရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)